တံတားဦးမြို့ မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် စာသင်ဆောင် ဆောက်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့ မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် စာသင်ဆောင် ဆောက်လုပ်



MNP - စက်တင်ဘာ  ၂၉


တံတားဦးခရိုင်၊ တံတားဦးမြို့ မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်ကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ စာသင်ဆောင်ဆောက်လုပ်ရာတွင် ရေရှည်တည်တံ့ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေးတို့ကို စနစ်တကျဆောင်ရွက်နေကြောင်းလည်း တာဝန်ငန်းတာဝန်ခံထံမှ သိရသည်။


စာသင်ဆောင်အဆောက်အဦးသည် ၆၀’×၃၀’×၁၂’ စာသင်ဆောင်တွင် အုတ်ညှပ်(၁)ထပ် Steel Structure တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း၊ အဆောက်အဦး၏ စုစုပေါင်းကုန်ကျငွေတန်ဖိုးမှာ (၄၉.၉၅၀) ကျပ်သန်းဖြစ်ကြောင်း အဆောက်အဦးကို  ကောင်းဆုဆက်ကုမ္ပဏီမှ တာဝန်ယူဆောက် လုပ်လျက်ရှိကြောင်း အဆိုပါအခြေခံပညာမူလတန်းကျောင်းတွင်  ကျောင်းသာ/သူများအနေဖြင့် ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဆောင်လိုအပ်ချက်အရ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ဦးက ပြောကြားသည်။


တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျောင်းပေါင်း (၂၁) ကျောင်း ရှိကြောင်းလည်းသိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)