ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ကြီးကြပ် စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်းစည်းဝေး


MNP ၊ စက်တင်ဘာ ၃၀

ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ ကြီးကြပ်စောင့် ရှောက်ရေး လုပ်ငန်းကော်မတီ (၁/၂ဝ၂၂) ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။


အစည်းအဝေးတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ဦးဆောင်၍ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော်ရေး၊ ကုလသမဂ္ဂ အဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့ စေရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။    


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)