ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose)ထိုးနှံနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose)ထိုးနှံနေမှုအား ကြည့်ရှုအားပေး





MNP ၊ စက်တင်ဘာ  ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရေတပ် ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး အပို ဆောင်း(Booster Dose) ထိုးနှံနေမှုအား သွားရောက် ကြည့်ရှုအားပေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေတပ် ကျောင်း၌ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၆)လနှင့်အထက်ရှိသော အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ 

ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်း၊ အပိုဆောင်းထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်မည့်အခြေအနေ၊ မိဘအုပ်ထိန်း သူများ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သားသမီး၊ တပည့်များ၏ ပညာရေးအခွင့်အလမ်းအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ရခိုင်ပြည်နယ်၌ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှု ကာလ(၆)လပြည့်ပြီးသော အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အပိုဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန်ရည်မှန်း ကျောင်းသား၊  ကျောင်းသူ ၁၄၀၂၇၈ ဦးရှိပြီး စက်တင်ဘာလ ၁၄ ရက်နေ့ထိ ၇၉၅၀၉ ထိုးနှံပြီး ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ရုံးမှသိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများ ဆီသို့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)