ပေါက်တောမြို့နယ်ရုံး Community Center ခန်းမ၌ "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ်ရုံး Community Center ခန်းမ၌ "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်



MNP ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသော "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများက" ရုံးလုပ်ငန်းလက်စွဲ"စာအုပ်မှ အခန်း(၂)ပါ ဝင်စာများကို အရေးယူဆောင်ရွက်ခြင်းနှင့် အခန်း(၃)ပါ ထွက်စာများကိုအရေးယူဆောင်ရွက်ခြင်းခေါင်းစဉ်တွင်ပါရှိသည့် ကဏ္ဍများကို အသီးသီးဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မြို့နယ်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါ ရုံးဝန်ထမ်းများနှင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို တစ်လလျှင်နှစ်ကြိမ်ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး စာဖတ်ခြင်းဖြင့် ဝန်ထမ်းများဗဟုသုတတိုးပွါးလာစေရေး၊ ရုံးလုပ်ငန်းနှင့်စာကြည့်တိုက်လုပ်ငန်းများကို ကျွမ်းကျင်မှုရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)