အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပညာလိုလား ကြိုးစားကြပါစို့ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပညာလိုလား ကြိုးစားကြပါစို့ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Cen tre)ခန်းမတွင် စာပေ မြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့်ပညာလိုလား ကြိုး စားကြပါစို့ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေလည် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းအား စာပေမြတ်နိုးသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊စကားပြောဆိုရာ၌ ပြောရဲဆိုရဲ ပြောတတ်ဆိုတတ်စေရန်နှင့်တီထွင်ဖန်တီးလိုစိတ်များဖြစ်ပေါ် လာစေရန် ရည် ရွယ်၍ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဦးစန်းဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပ ပေးရခြင်းဖြစ်ပါကြောင်းနှင့်ဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ် (၈)ပါ ဆောင်းပါးရှင် ဗညားကျန်းထော ရေးသားသည့် ရည်မှန်းချက်ထား အမြဲကြိုးစား ဆောင်း ပါး မှ ရာစုခေတ် တစ်ခေတ်စာ၊ နှစ်ပေါင်းတစ်ရာလောက်စော၍ ဖွားတော်မှုပြီး ရဟန်းစာဆိုအကျော်လည်းဖြစ်တော်မှုသော အရှင်မဟာရဌသာရ၏ စာပေပို့ချသင်ကြားခြင်း အတွေ့အကြုံနှင့် ပညာရှာရာတွင် မရှိမဖြစ်အသုံးပြုရမည့် နည်းနာနိသယျ အကြောင်း အရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။  


ထို့နောက် စာမြတ်နိုးသူများဖြစ်သည့် အမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်းမှ ကျောင်းသူ မသင်းသင်လှိုင်က စာဆိုအကျော် အရှင်မဟာရဌသာရ၏ ပညာရှာမီရာတွင် လိုက်နာကျင့်သုံးရမည့် အချက် ရှစ်ချက်ဖြစ်သော "သု စိ ပု ဘာ၊ ဝိ လိ သိ ဓာ " အက္ခရာများအ ကြောင်း၊ ကျောင်း သား လူ ငယ်မောင်တင်မြင့်က စည်းလုံးမှ အင်အားရှိ စာပိုက်မှ သိရှိလိုသည်များမေးမြန်းရာ မြို့နယ် ဦးစီးမှူးက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)