ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်းများဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်းများဖြန့်ဝေ





MNP ၊  စက်တင်ဘာ   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦး ဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် လူမှုရေးအဖွဲ့အစည်းများ က  ယနေ့ နံနက် ၉ နာရီအချိန်   မြို့ဝင် စစ်ဆေး ရေးဂိတ် မြို့အတွင်းသို့ ဝင်ရောက် လာကြသော လမ်းသွား လမ်းလာ ပြည်သူများအား  နှာ ခေါင်း စည်း(Mask) များ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက  ကိုဗစ်-၁၉ရောဂါကူး စက်ပြန့်ပွားမှုမရှိစေရေး၊ ကာကွယ် ထိန်းချုပ် နိုင် ရေးအတွက် မြို့ ဝင်ဝ စစ်ဆေးရေး ဂိတ်တွင်  မြို့အတွင်းသို့ ဝင်ရောက် လာ သော ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကုန်တင် ယာဉ်ကြီး များနှင့် လိုက်ပါလာသော  ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း ၊ ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်၍ သွားလာက goရြန် ပြောကြားပြီး မြို့နယ်အတွင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျှက်ရှိပြီး နှာခေါင်းစည်း Mask  (၁၅၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)