အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး “ Environment & Development Forum(EDF) 2022” သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး “ Environment & Development Forum(EDF) 2022” သို့ တက်ရောက်





MNP ၊ စက်တင်ဘာ ၁၆

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် (၁၁-၉-၂၀၂၂) ရက်နေ့မှ (၁၃-၉-၂၀၂၂) ရက်နေ့အထိ ကိုင်ရိုမြို့ Intercontinental City Stars Hotel ၌ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှု၊  ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ပူးပေါင်းပါဝင်မှု တို့ဖြင့် အာရပ်ရေအရင်းအမြစ်ကောင်စီ(Arab Water Council-AWC)က စီစဉ်ကျင်းပသည့် “Environment and Development Forum (EDF)-2022” သို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး H.E. Sameh Shoukry ၊ ရေအရင်းအမြစ် နှင့် ဆည်မြောင်းဝန်ကြီး H.E. Dr. Hani Sewilam ၊ အာရပ်ရေအရင်းအမြစ်ကောင်စီ ဥက္ကဋ္ဌ H.E. Dr. Mahmoud Abu-Zeid၊ အာရပ်နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး H.E. Ahmed Aboul Gheit ၊ အီဂျစ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ms. Elena Panova ၊ အီဂျစ် နိုင်ငံ၏ COP27 ဆိုင်ရာအဆင့်မြင့်ကျွမ်းကျင်သူ Dr. Mahmoud Mohieldin တို့က တက်ရောက်၍ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပြီး၊ အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နှင့် အာရပ်ဒေသနိုင်ငံ အများစုတို့ ပါဝင်သော နိုင်ငံပေါင်း (၂၉)နိုင်ငံကျော်မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအထူးအေဂျင်စီများ၊ လူမူရေးအဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ စုစုပေါင်း (၇၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

EDF-2022 တွင် စားနပ်ရိက္ခာနှင့်ရေဖူလုံရေး၊ သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့်ကာကွယ်ရေး၊ ဓာတ်ငွေ့ ထုတ်လွှတ်မှုထိန်းချုပ်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော သယ်ယူပို့ဆောင်ရေးအစရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ ဆောင်ရွက်ချက်များတို့အပေါ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)