ညောင်လေးပင်မြို့နယ်တွင် (Contract Farming)အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် (Contract Farming)အကျိုးတူလယ်ယာစနစ်ဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 


MNP -  စက်တင်ဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က (Contract Farming)အကျိုးတူလယ်ယာစနစ်ဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံပိုင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိန်လှမှ ပဲတီစိမ်းစိုက်တောင်သူများ၏ အသင်းများဖွဲ့စည်းမည့် အခြေအနေအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ယွန်းလျှံကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးမှ ပဲတီစိမ်းစိုက်တောင်သူများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တောင်သူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များအား တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)