မြောင်းမြခရိုင်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for Work စီမံကိန်းရန်ပုံငွေ ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြခရိုင်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for Work စီမံကိန်းရန်ပုံငွေ ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ




MNP - စက်တင်ဘာ  ၁၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခရိုင်အဆင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းရန်ပုံငွေ ကျေးရွာများသို့  လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစန်းဌေးက ကျေးလက်နေ ပြည်သူများအနေဖြင့်  မိမိကျေးရွာမှာ ရရှိလာတဲ့ စီမံကိန်းတွေကို စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသင်းဦးက စီမံကိန်းဆိုင်ရာကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၄၉) ရွာအတွက် တစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)အား ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအဖွဲ့ ဥက္ကဋ္ဌများအား အသီးသီးပေးအပ်ခဲ့ကြပြီးနောက် Cash for Work စီမံကိန်း ဆောင်ရွက်မည့် မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်ရှိ ကျေးရွာ(၂)ရွာအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါစီမံကိန်းများတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ကွန်ကရစ်ဘီးလမ်းခင်းခြင်း၊ ကျောက်ပြား လမ်းခင်းခြင်း၊ ဘက်စုံသုံးခန်းမ၊ ရေပေးရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ မြေသားလမ်းချဲ့ခြင်း၊ ရေမြောင်းတူးဖော်ခြင်းနှင့် ဂဝံလမ်းခင်းခြင်း၊ လမ်းပုခုံး ဂဂံခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)