MNP - စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၁၂) နှစ်မှ (၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထပ်ဆောင်း (First Booster Does) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကူး မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက် ကျန်းမာရေးဝန်ထမ်းများက အသက်(၁၂)နှစ်မှ (၁၈)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၁၄၉) ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထပ်ဆောင်း (First Booster Does)များ ထိုးနှံပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ခြင်း၊ နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန်လည်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment