တာချီလိတ်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်

 



MNP - စက်တင်ဘာ   ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့နှင့် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်တို့ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုကိုတားဆီးကာကွယ်နိုင်ရေးနှင့် ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်မှစ၍ ဥပဒေများထုတ်ပြန်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းတက်ရောက်လာကြသော ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိရပ်ကွက်၊ ကျေးရွာအတွင်းလူကုန်ကူးမှု၊ လူမှောင်ခိုမှုများ လျော့နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာဌာန၊ တပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ မိမိစွမ်းအားရှိသမျှဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။


ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၇၆ )ဦး တက်ရောက်ကြောင်း သိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)