MNP - စက်တင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ GENDER, CEDAW, NSPAW, အသိပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ကာနကျေးရွာ ဘုရားရှိခိုးကျောင်းခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက အသိပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မိုင်းတုံမြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက ကျား၊ မအခြေပြုအကြမ်းဖက်မှုများ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ၊ အများဆုံးဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါ GENDER, CEDAW, NSPAW, အသိပညာပေးသင်တန်းဖွင့်ပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦးနှင့် သင်တန်းသား၊ သင်တန်းသူ(၆၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment