ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုတားဆီးဖော်ထုတ်ရေး ရက်တိုသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုတားဆီးဖော်ထုတ်ရေး ရက်တိုသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ဖွင့်လှစ်

 




MNP - စက်တင်ဘာ   ၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုတားဆီးဖော်ထုတ်ရေး ရက်တို သင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို၊ ယမန်နေ့နံနက်(၁၀)နာရီက၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မြင်းခြံ)မှ ရဲအုပ်ကျော်ဆန်းက လူကုန်ကူးမှုအကြောင်းနှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးလက် ကမ်းစာစောင်များနှင့် စိစစ်ဖော်ထုတ် မှတ်တမ်းယာယီပုံစံ(၁)အား ရဲအုပ်ကျော်ဆန်းက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကိုယ်စား အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံသို့ပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရက်တိုသင်တန်းနှင့်ပတ်သက်၍ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များကို ရဲအုပ်ကျော်ဆန်းမှ ဦးဆောင် ၍ သင်တန်းကို ညနေ(၃:၃၀)နာရီ အထိ ပို့ချပေးခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)