မှော်ဘီမြို့နယ်၌ ဂျူဒိုသင်တန်း(JUDO IN SCHOOL) ဖွင့်ပွဲအခမ်းအနားဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ ဂျူဒိုသင်တန်း(JUDO IN SCHOOL) ဖွင့်ပွဲအခမ်းအနားဖွင့်လှစ်



MNP - စက်တင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဂျူဒိုသင်တန်း(JUDO IN SCHOOL)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ အချိန်က မှော်ဘီမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဂျူဒိုကော်မတီဥက္ကဋ္ဌမြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဘဏ္ဍာရေးမှူး ဦးမင်းဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အလုပ်မှုဆောင်မှ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် အလုပ်မှုဆောင်အဖွဲ့ဝင်များနှင့် မိတ်ဆက်ခဲ့ပြီး ဂျူဒိုသရုပ်ပြအဖွဲ့များမှ သရုပ်ပြတင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မှော်ဘီမြို့နယ်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမန်သီချင်းသီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ပြီး သင်တန်းကာလမှာ(၂၉.၉.၂၀၂၂)ရက်နေ့မှစတင်၍ ကာလရှည်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကောင်းမြတ်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)