KRABI BAR စတိတ်စင် စေတီပုံဒီဇိုင်းကို ပြန်လည်ပြင်ဆင်သွားမည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KRABI BAR စတိတ်စင် စေတီပုံဒီဇိုင်းကို ပြန်လည်ပြင်ဆင်သွားမည်ဟုဆို



MNP ၊ စက်တင်ဘာ ၂၂

KRABI BAR စတိတ်စင် မှာ စေတီပုံဖြစ်နေခြင်းကြောင့် ဝေဖန်ထောက်ပြခဲ့သည့်အပေါ် KRABI BAR ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်အကြံပြုသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိကြောင်းနှင့် ကျွမ်းကျင်တဲ့ ဒီဇိုင်းပညာရှင်များနဲ့ တိုင်ပင်ပြီး စဉ်းစားဆောင်ရွက် သွားမယ့်အကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။


KRABI BAR စတိတ်စင်မှာ စေတီပုံဖြစ်နေခြင်းကြောင့် ဆရာတော်တစ်ပါးက မလုပ်သင့်ကြောင်း ဝေဖန်အကြံပြုခဲ့သည့်အပေါ် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့သွားခဲ့ပြီးနောက် ဆိုင်ဘက်က ရေးသားထုတ်ပြန်ထားခြင်းဖြစ်သည်။

၎င်းတို့၏ ရေးသားဖော်ပြချက်တွင် "ကျွန်တော်တို့ရဲ့ Krabi ဆိုင်လေးဟာ နေပြည်တော်မှာ ဒီဇိုင်းပိုင်းဆိုင်ရာ တမူထူးခြားချက်လေးတွေနဲ့ စားသုံးသူတွေကို ရသ တစ်မျိုးပေးနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့တာ ချစ်ရတဲ့ ကာကာတို့ အသိပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ အမိုး ဒီဇိုင်းပုံစံ သုံးမျိုးကိုလဲ တစ်မျိုးနဲ့ တစ်မျိုး မတူစေအောင် Krabi ရဲ့ အာခီတက်တွေက အသေးစိတ် အချိန်ယူပြီးစဉ်းစားရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ဆိုင်ရဲ့ unplug stage အမိုး ဒီဇိုင်းဟာ ဩစတီးလျနိုင်ငံ ဆစ်ဒနီမြို့မှာရှိတဲ့ Sega World အပန်းဖြေဥယာဉ်ကြီးထဲက အဆောက် အဦ အမိုးဒီဇိုင်းကို နမူနာယူပြီး စားသုံးသူတွေကို ဒီဇိုင်းပိုင်း ဆိုင်ရာ ရသတစ်ခုပေးနိုင်အောင် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ (Google မှာ sega world Sidney ဆိုပီး အလွယ်တကူ ရှာဖွေ ကြည့်နိုင်ပါတယ်)။ အဲဒါကို Krabi ရဲ့ unplug stage ဟာ စေတီပုံ ဖြစ်နေပါတယ်ဆိုပြီး အွန်လိုင်းပေါ်မှာအကြံပြုဝေဖန်တာကို ကြားသိနေရပါတယ်။ ဆိုင်သက်တမ်း(၃)လသာ ရှိသေးတဲ့ Krabi အပေါ် စေတနာထား ဝေဖန်အကြံပြုပေးတဲ့ အတွက်လဲ အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်။" ဟု ရေးသားထားသည်။


ကျွန်တော်တို့ Krabi ရဲ့ ပိုင်ရှင်များ အပါအဝင် ဝန်ထမ်းမိသားစုများ အားလုံးဟာ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ ဖြစ်ကြပါကြောင်း၊ ကိုးကွယ်တဲ့ ဘာသာကို ထိခိုက်မိစေမဲ့ မည်သည့်ဆောင်ရွက်ချက် မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ကြောင်း၊ ယခုကဲ့သို့ ဘာသာရေးအရ  နားလည်မှု လွဲခံရတဲ့အတွက်လဲ Krabi မိသားစုမှ အထူးပင် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကျွန်တော်တို့ရဲ့ unplug stage ကို ကျွမ်းကျင်တဲ့ ဒီဇိုင်းပညာရှင်များနဲ့ တိုင်ပင်ပြီး စဉ်းစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေးသား ထားခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)