လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 




MNP - စက်တင်ဘာ   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်(၈)နာရီအချိန်က လှော်ကထားကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ခမောက်စု ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင်  အဖွဲ့(၁)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လှော်ကထားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ အဖွဲ့(၂)၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ခမောက်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့် ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေး လုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကို လည်ကောင်း စစ်ကြောင်းကြီး ၅ ကြောင်း လာရောက်တွေ့ဆုံရခြင်း ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရပ်ရွာလုံခြုံရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့  အချိန်မီသတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။


ထို့နောက် ကျေးရွာနေပြည်သူများမှ ရွေးကောက်ပွဲကာလတွင် အဆင်ပြေနိုင်စေရေး မှတ်ပုံတင်များ ကွင်းဆင်းပြုလုပ်ပေးနိုင်ပါရန်၊ ပုံစံ ၇ ပြောင်းလဲလျှောက်ထားခြင်း ရမရ၊ သက်ကယ်ပြင်-ရဲဖောက်ကုန်း-ခမောက်စု ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိရာ ရဲဖောက်ကုန်းရွာသို့ ရောက်ရှိနေပြီးဖြစ်၍ ဆက်လက်ဆောင်ရွက်ပေးပါရန်၊ ခမောက်စုဈေးတွင် အမှိုက်များ စည်းကမ်းမရှိ စွန့်ပစ်လျက်ရှိရာ မြို့နယ်စည်ပင်သာယာအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးတင်ပြခဲ့ပြီး ကျေးရွာပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက် တင်ပြချက်များကို မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်း ဆောင်ရွက်၍ လိုအပ်သည်များ အထက်ဌာန အဆင့်အဆင့်သို့တင်ပြ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ထို့နောက် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးမှ တာဝန်ရှိသူများက ဆေးကုသပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိနေသော ကျေးရွာနေပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အ.ထ.က-လှော်ကထား အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က-ခမောက်စု အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.လ.က-အချူပ်ကလေးအခြေခံ ပညာအလယ်တန်းကျောင်း စာသင်ကြားနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ် ဆောင်ရွက် ပေးအပ်ခဲ့သည်။


လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဒေသအတွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ရန် ကျန်ရှိသောကျေးရွာ အုပ်စုများသို့ ကျန်ရက်များတွင် ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)