နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၂၂


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့နံနက် (၁၀)နာရီ (၅၀)မိနစ်အချိန်က နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှုအခြေအနေများ၊ ရှမ်းပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့မှု အခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်အတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ယာဉ်လိုင်းများ၊ မြို့မဈေးနှင့် မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများ၊ စောင့်ကြည့်စခန်း ပြင်ဆင်ထားရှိမှုအခြေအနေများ၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် (Isolation Ward) ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ထားရှိသင့်/မသင့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းနှင့် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)