သရက်ခရိုင် ပြည်သူ့ဆေးရုံးဝန်းအတွင်း နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ခရိုင် ပြည်သူ့ဆေးရုံးဝန်းအတွင်း နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေ

 


MNP - စက်တင်ဘာ   ၁၀


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံးသို့ လာရောက်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံးဝန်း အတွင်း ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် လာရောက်ကြသည့် ပြည်သူများ၊ ဆေးရုံ စောင့်များ၊ ဆေးရုံတက်ရောက် ကုသနေကြသူများအား သတင်းမေးလာရောက်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန်ဝေပြီး ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲတွေ့ရှိမှုနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခြင်း၊ အပြင်သို့ သွားလာရာနှင့် လူထူထပ်သောနေရာများသို့ သွားလာရပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြရန် ပြောကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)