အင်္ဂပူမြို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်္ဂပူမြို့တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



MNP - စက်တင်ဘာ   ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှပြုလုပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေမင်းမင်းက ကျေးရွာ ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့‌နောက် တက်‌ရောက်လာသည့် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင် များမှ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုတင်ပြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်း‌လင်း ဖြေကြားခဲ့သည်။ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ မီးလင်းရေး၊‌‌ ဘက်စုံသုံးခန်းမ စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာပေါင်း ၂၀ အား ရွေးချယ်ခဲ့ပြီး တစ်ရွာလျှင် သိန်းပေး(၁၀၀) ကျပ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)