MNP - စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် မြို့နယ်အတွင်း MCCT အကျိုးခံစားခွင့် ရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)နှစ်အောက် ကလေးငယ်များအား (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်း အစီအစဉ်ကို ယမန်နေ့၊ နေ့လည်(၁)နာရီက ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးထား သည့် MCCT အကျိုးခံစားခွင့်ရရှိသူများအတွက် ကိုယ်ရေးအချက်အလက်ပုံစံ ဖြည့်စွက်ရမည့် အကြောင်းအရာတို့အား ရှင်းလင်းပြောကြားပြီး၊ တတိယအကြိမ် MCCT အကျိုးခံစားခွင့်ရရှိသည့် ကျေးရွာအုပ်စု(၂၉)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင် ၅၃၀ ဦး၊ ကလေးငယ် ၂၀၀၅ ဦးအတွက် ထောက်ပံ့ငွေကျပ်( ၁၁၀,၆၄၀၀၀ဝိ/)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် MCCT အကျိုးခံစားခွင့်ရရှိသည့် ကိုယ်ဝန်ဆောင်မိခင် ၁၅၀၀ ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ် ၅၆၁၂ ဦး၊ စုစုပေါင်း MCCT အကျိုးခံစားခွင့်ရရှိသူ(၇၁၁၂)ဦးတို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံထံမှ သိရသည်။
သတင်း - နီထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment