Mtube live Streaming Platform ကို မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ဆောင်ရွက်ထားပြီး မကြာမီအသုံးပြုနိုင်မည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Mtube live Streaming Platform ကို မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ဆောင်ရွက်ထားပြီး မကြာမီအသုံးပြုနိုင်မည်ဟုဆို


MNP ၊ စက်တင်ဘာ ၂

Mtube live Streaming Platform ကို မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ဆောင်ရွက်ထားပြီး မကြာမီအသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖြေကြားထားသည်။


Youtube ကဲ့သို့ အသုံးပြုနိုင်မည့် Mtube Live Streaming Platform ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ယမန်နေ့က ပြည်ထောင်စုဝန်ကြီးအား ဦးမောင်မောင်အုန်း အား United Info-Sec ကုမ္ပဏီမှ ဒါရိုက်တာနှင့် တာဝန်ရှိသူများက ယမန်နေ့က ရှင်းလင်းတင်ပြခဲ့သည့်အပေါ် Mtube Live Streaming Platform ကို ဘယ်တော့လောက် စတင်အသုံးပြုနိုင်မလဲ။ ဆောင်ရွက်နေမှု အခြေအနေနဲ့ လုပ်ငန်းဖော်ဆောင်ပြီးစီးမှု အခြေအနေကိုလည်း ဖြေကြားပေးစေလိုကြောင်း မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းခဲ့သည်။


သတင်းမှန် ပြန်ကြားရေးအဖွဲ့က "Mtube live Streaming Platform ကို မြန်မာနိုင်ငံသား ပညာရှင်များဖြင့် ရေးဆွဲဆောင်ရွက်ထားပြီး ယနေ့အချိန်တွင် စမ်းသပ်အသုံးပြုသည့် အဆင့်တွင်သာ ရှိပါသည်။ မကြာမီ အသုံးပြုနိုင်မည်ဖြစ်ပါသည် ။ အသုံးပြုနိုင်မည့် အချိန်ကာလကို ထပ်မံ အသိပေးပါမည်။" ဟု ဖြေကြားထားသည်။


မယန်နေ့က Mtube နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ သတင်းမှားများ တိုက်ဖျက်ရေးနှင့် သတင်းမှန်များ ထုတ်ပြန်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အချိန်တွင် Social Media Platform များပေါ်တွင် မိမိတို့ထုတ်ပြန်သည့် သတင်းများကို ကန့်သတ်ခြင်း၊ ဖြုတ်ချခြင်း စသည်ဖြင့် နည်းပညာအားကိုးကာ အနိုင်ကျင့် ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့နေရသည့် အတွက် Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို ယခုကဲ့သို့ တီထွင်ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ပြည်ပမီဒီယာများ၊ ကျင့်ဝတ်သိက္ခာမဲ့သော မီဒီယာများက သတင်းမှားများထုတ်ပြန်၍ ပြည်သူများအား မှိုင်းတိုက်ဆောင်ရွက်နေသဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သတင်းမှားများအပေါ် နည်းမျိုးစုံဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သို့ပင် အခက်အခဲ အတားအဆီးများ ကြုံတွေ့နေရသည်ဖြစ်စေ မိမိတို့နိုင်ငံ၊ မိမိတို့နိုင်ငံသားများအတွက် အသိပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ သတင်းပြန်ကြားခြင်းလုပ်ငန်းများကို အကောင်းဆုံး ဝန်ဆောင်မှုပေး၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)