MNP ၊ စက်တင်ဘာ ၂၉
ယနေ့ စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်တွင် PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈နာရီခွဲခန့်က ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်၊၂၅ ရပ်ကွက်၊ သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်သို့ PDF အကြမ်းဖက်သမားလေးဦးခန့် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ရာ အမျိုးသားတစ်ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူပင် အမျိုးသမီးတစ်ဦးမှာလည်း ကျည်နှစ်ချက်ထိမှန်၍ (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း ကနဦးသိရသည်။
ဖြစ်စဉ်မှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့က ပိတ်ဆိုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment