ရေဦး - ခင်ဦး ကားလမ်းမကြီးတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦး - ခင်ဦး ကားလမ်းမကြီးတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် မိုင်းများအား အများပြည်သူ ဘေးအန္တရာယ် မရှိစေရေး ဖယ်ရှားရှင်းလင်း









MNP ၊ စက်တင်ဘာ ၂၆

NUG နှင့်  PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့်  ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံရေးချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။


ထို့သို့ပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ NUG နှင့်  PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ရေဦးမြို့နှင့် ခင်ဦးမြို့သွား ကားလမ်းမကြီးတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား  အကြောင်းမဲ့အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ကြီးမားစွာလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်လုပ်ရပ်များကို  လက်မခံသည့် ဒေသခံပြည်သူတချို့၏ သတင်းပေးမှုအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကားလမ်းမကြီးတစ်လျှောက် စက်တင်ဘာလ ၂၁ ရက်မှ ၂၅  ရက်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကားလမ်းဝဲ/ယာ တစ်လျှောက်  လက်လုပ်ဒေသန္တရမိုင်းမျိုးစုံ ၁၁၂ လုံး၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်လက်ပစ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး  အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။


NUG နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခင်ကလည်း ရေဦးမြို့နှင့် ခင်ဦးမြို့သွား ကားလမ်းမကြီးတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် အဖျက်အမှောက်လုပ်ငန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်လုပ်ဆောင်ခဲ့ရာ ဇူလိုင်လမှစက်တင်ဘာလ ၂၅ ရက် အထိ ၉၃ ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူတချို့ သေဆုံး/ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့လည်း အသေးစားထိခိုက်ဒဏ်ရာ ရရှိသူများရှိခဲ့ကြောင်း သိရှိရသည်။


ယခုကဲ့သို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများပေါ်၌ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုလုပ်ရပ် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် အဆိုပါပြည်ထောင်စု လမ်းမကြီးတစ်လျှောက် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)