ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၈/၂၀၂၂) တက်ရောက်နေသူများ စားစရိတ်သက်သာစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၈/၂၀၂၂) တက်ရောက်နေသူများ စားစရိတ်သက်သာစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်ဆောင်ရွက်ပေး



MNP - စက်တင်ဘာ   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ပုသိမ်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(၈/၂၀၂၂) တက်ရောက်နေသူများအား စားသောက်မှု အဆင်ပြေစေရန် ပုသိမ်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပေါင်းစပ်၍ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥစသော စားသောက်ကုန်ပစ္စည်းများကို ချိုသာသောဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါသင်တန်းတွင် သင်တန်းသား (၂၀၅)ဦး၊ သင်တန်းသူ(၈၄၄)ဦး စုစုပေါင်း(၁၀၄၉)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းသား/သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၅၀၀/-ကျပ်၊ စားဆီ ၅၀ ကျပ်သားတစ်ဗူးလျှင်၂၅၀၀/-ကျပ်၊ ဆား(၅၀)သား တစ်ထုတ်(၁၅၀)ကျပ်နှင့် ကြက်ဥ ၁၀ လုံး လျှင် ၁၇၅၀/-ကျပ် နှုန်းဖြင့် ဆန် (၁၅)အိတ်၊ ဆီ(၁၁၀)ပိဿာ၊ ဆား(၅၀)ပိဿာနှင့် ကြက်ဥ(၁၀၀၀)လုံး တို့အား  ကာလပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်းသတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)