လားရှိုးမြို့တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၈/၂၀၂၂) ကျောင်းသား/ကျောင်းသူ ကြိုဆိုပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၈/၂၀၂၂) ကျောင်းသား/ကျောင်းသူ ကြိုဆိုပွဲ အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)  အမှတ်စဉ် (၈/၂၀၂၂) ကျောင်းသား/ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က ‘သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသားများ အားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊ သင်တန်းကာလအတွင်း အများနဲ့လိုက်လျောညီထွေစွာ နေထိုင်ရင်းကြိုးစားသင်ယူကြရန် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသော နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာကာ အချိန်ကိုတန်ဖိုးရှိစွာ အသုံးချရင်း နိုင်ငံတော်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သော ဘက်စုံထူးချွန်သည့် နိုင်ငံသားကောင်းဆရာများဖြစ်အောင် ကြိုးစားစေလိုကြောင်း’ ပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများက ‘ချစ်သောမောဝ်မြေ’ ‘ထာဝရသစ္စာ’ ‘လမ်းမုန်းရိုးရာပွဲ’ သီချင်းများဖြင့်ကပြ ဖျော်ဖြေခဲ့ကြသည်။


အဆိုပါသင်တန်းမှာ (၁-၉-၂၀၂၂) ရက်နေ့မှ (၁၁-၁၁-၂၀၂၂) ရက်နေ့ထိ သင်တန်းကာလ(၇၂)ရက် ကြာမြင့်မည်ဖြစ်ပြီး လားရှိုး၊ မူဆယ်၊ ကျောက်မဲခရိုင်များမှ သင်တန်းသား/သင်တန်းသူ (၁၅၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)