နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာ









MNP ၊ စက်တင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် Amur ပြည်နယ်၊ Blagoveshchensk မြို့ Ignatyevo အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ထွက်ခွာရာ ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ ဝင်များသည် Blagoveshchenskမြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ Amur ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Vasilii Orlov နှင့် အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြပြီး ၎င်းမှတစ်ဆင့် Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြသည်။


ယင်းနောက် Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်း သို့ ရောက်ရှိခဲ့ရာတွင် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov၊ “Roscosmos” အာကာသအေဂျင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ပညာရှင် Mr. Nikita Perminov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။


ထို့နောက် Angara ဒုံးပျံပစ်လွှတ်စင် တည်ဆောက်မှုလုပ်ငန်းခွင်နေရာနှင့်  Soyuz-2 ဒုံးပျံပစ်လွှတ်စင် နေရာတို့သို့ ရောက်ရှိကြပြီး နည်းပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍  လိုက်လံရှင်းလင်းပြသကြရာ  နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။ ဆက်လက်ပြီး Technical Complex အတွင်းရှိ Rocket တပ်ဆင်ရေးအလုပ်ရုံနှင့် ဂြိုလ်တုထုတ်လုပ်ရေးအလုပ်ရုံ အတွင်း လိုက်လံရှင်းလင်းပြသကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စိတ်ပါဝင်စားစွာဖြင့် အလုပ်ရုံတစ်ခုချင်းစီအလိုက် သိရှိလိုသည် များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး Rocket တပ်ဆင်ရေးအလုပ်ရုံအတွင်းရှိ Soyuz-2 ဒုံးပျံရှေ့တွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။


အဆိုပါ Vostochny Cosmodrome အာကာသယာဉ်လွှတ်တင်ရေးစခန်းကို ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအာကာသယာဉ်ကို စတင်လွှတ်တင်နိုင်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ ယနေ့ အထိ အာကာသယာဉ် ၁၁ စင်းကို လွှတ်တင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Engineering-technical building(GP-5) သို့ရောက်ရှိကြပြီး ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း State Space Corporation “Roscosmos” ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Yuri Borisov နှင့် တွေ့ဆုံဆွေးနွေးသည်။


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် အာကာသနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အတွေ့အကြုံများ၊ အကြံပြုချက်များ၊ နည်းပညာဆိုင်ရာများနှင့် လူသားအရင်းအမြစ် မွေးထုတ်ရေးဆိုင်ရာတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံ နည်းပညာရပ်ပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်  ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည် ပြည်ဆိုင်ရာလေဆိပ်မှတဆင့် Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ ဆက်လက်ထွက်ခွာကြရာ Amur ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr. Vasilii Orlov နှင့် အဖွဲ့ဝင်များက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)