Association of World Election Bodies(A-WEB) ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့တက်ရောက်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်အာဖရိကနိုင်ငံမှ ပြန်လည်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Association of World Election Bodies(A-WEB) ၏ (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့တက်ရောက်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တောင်အာဖရိကနိုင်ငံမှ ပြန်လည်ရောက်





MNP ၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့် Association of World Election Bodies (A-WEB) တို့၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့၌ အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အထွေထွေညီလာခံသို့တက်ရောက်ခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးအောင်စောဝင်း၊ ဦးစောဘလှိုင်၊ ဦးအောင်လွင်ဦး၊ ဦးကိုကိုလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။


အဆိုပါ အထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၄၀ ကျော်၊ တောင်အာဖရိကနိုင်ငံရွေးကောက်ပွဲကော်မရှင် နှင့် A-WEB မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး ညီလာခံတွင် ယခင်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သော အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် တောင်အာဖရိကနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ထံသို့ A-WEB အဖွဲ့ အစည်း၏အလံအား လွှဲပြောင်းပေးအပ်ခဲ့ကာ နောင်လာမည့် A-WEB ၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့်နိုင်ငံနှင့် Executive Board Member များခန့်အပ်နိုင်ရေး မဲပေးရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းများဆောင်ရွက်ခဲ့သည်။


ထို့ပြင် “Safeguarding Election Management BodiesintheAgeofGlobalDemocratic Recession” ညီလာခံကို ခေါင်းစဉ်ငါးခုဖြင့် ကျင်းပခဲ့ရာ တက်ရောက်လာသူများက ပူးပေါင်းဆွေးနွေးခဲ့ကြပြီး A-WEB အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီစနစ်၏ ကောင်းမွန်သောအလေ့အကျင့်ကောင်းများကို မြှင့်တင်ပေးနိုင်ရေး ကူညီဆောင်ရွက်နေမှုများ၊ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၏ အခန်းကဏ္ဍတိုးတက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါခရီးစဉ်အတွင်း A-WEB နှင့် တက်ရောက်လာကြသော အဖွဲ့ဝင်နိုင်ငံများမှ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ တောင်အာဖရိကနိုင်ငံ၏ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ထင်ရှားသောနေရာများကို လေ့လာခွင့်ရရှိခဲ့ကြောင်း သိရသည်။


တရားဝင်အစိုးရဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားသည့်အပေါ် စင်ပြိုင်အစိုးရအဖြစ် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် NUG အကြမ်းဖက်အဖွဲ့က ကန့်ကွက်စာများ ထုတ်ပြန်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)