ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (ပထမနှစ်) သင်တန်း (၂/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (ပထမနှစ်) သင်တန်း (၂/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ

 


MNP - အောက်တိုဘာ ၁၄


ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (ပထမနှစ်) သင်တန်း (၂/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၆၅ လမ်းနှင့် ၃၃ လမ်းထောင့်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် သင်တန်းသား/သူများမှ "နှလုံးသားကိုအလှဆင်ပါ" တေးသီချင်းဖြင့် ဖွင့်လှစ်ပြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အဖွင့်အမှာစကားပြောကြား၍ သင်တန်း သား/သူများအတွက် ဂုဏ်ပြုငွေသိန်း ၂၀ ကျပ် ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်း သား/သူများ၏ "လှည်းယာဉ်ကျော့" တေးသရုပ်ဖော်အကအလှဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားပြီးစီးကာ ဝန်ကြီးချုပ်မှ  သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ စာသင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါ ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေး ရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးစန်းအောင်၊ မန္တလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း ၉၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ ယင်းသင်တန်းသို့ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်အလိုက် သင်တန်းသား ၇၀ ဦး၊ သင်တန်းသူ ၇၂၅ ဦး၊ ပေါင်း ၇၉၅ ဦး တက်ရောက်ခွင့်ရရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။


သတင်း - ထိပ်ထားနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)