မင်းကင်းမြို့ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖိနပ်၊ ခြင်းတောင်းရက်လုပ်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းကင်းမြို့ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖိနပ်၊ ခြင်းတောင်းရက်လုပ်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ

 




MNP - အောက်တိုဘာ   ၁၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊   အစည်းအဝေးခန်းမ၌ ဖိနပ်၊ ခြင်းတောင်းယက်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်   သင်ယူတတ်မြောက်ပါက မိမိတို့တစ်နိုင် တစ်ပိုင်စားဝတ်နေရေး အဆင်ပြေစေရန် ထုတ်လုပ်နိုင်ရုံသာမက နိုင်ငံခြားဖြစ်ကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုမှုနည်းပါးပြီး ပြည်တွင်းဖြစ်ထုတ်ကုန်များ အသုံးပြုခြင်းအားဖြင့် နိုင်ငံခြားထွက်ငွေ နည်းနိုင်သမျှနည်းစေရန် ကြိုးစားအားထုတ်ကြရမည်ဟု ထည့်သွင်းပြောကြားပြီး သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်လွင်က အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။


ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမှ သင်တန်းနှင့်ပတ်သက်သည့် အထောက်အကူပြုပစ္စည်းများကို သင်တန်းသူများထံပေးအပ်ခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် မြစိမ်းရောင်ကျေးရွာများမှ သင်တန်းသူ (၁၅) ဦး တက်ရောက်သင်ယူကြပြီး သင်တန်းကို နေ့စဉ်နံနက် ၉ နာရီမှညနေ ၄ နာခွဲအချိန်အထိ (၁၅) ရက်ကြာ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)