ကျိုက်လတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထား၍ ဦးတည် ချက်(၉)ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်အေးချမ်းသာယာစေရန် လုံခြုံရေးကို ဂရုစိုက်ရမည်ဖြစ်ကြောင်း၊ မိမိကျောင်း လုံခြုံမှုရှိစေရန် ဆရာ၊ မိဘနှင့် ကျောင်းသား ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခုအခါ စာသင်ကျောင်းများ မီးဘေးလုံခြုံရေး အတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ အဖွဲ့(၄) ဖွဲ့ ခွဲ၍ ထက်/လယ်/မူ ကျောင်းများကို လိုက်လံစစ်ဆေးပေးလျက်ရှိကြောင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့် မိမိ၏ အရည်အသွေးများ ပိုမိုတိုးတက်လာမည် ဖြစ်သဖြင့် ပညာရပ်များကို မမေ့စေရန် များများလေ့ကျင့် ပေးနေရမည် ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ ဖျာပုံခရိုင် ပညာရေးမှူး၊ ကျိုက်လတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ၊ ဆရာမများ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖျာပုံခရိုင် ပညာရေးမှူး အပါအဝင် ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ ဒေးဒရဲမြို့တို့မှ မြို့နယ်ပညာရေးမှူးများက စီမံခန့်ခွဲမှုပညာရပ်၊ ဘဏ္ဍာရေး၊ ပညာရေးနှင့် သက်ဆိုင်သည့် လုပ် ငန်းတို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး ကျိုက်လတ် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၁၉၈)ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံဆရာ၊ ဆရာမ (၁၉၈)ဦး တို့ တက်ရောက်ကြကြောင်းသိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)