လယ်ဝေးမြို့နယ်ရုံး Community Centre တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်ရုံး Community Centre တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ



MNP - အောက်တိုဘာ  ၂၃


ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre)တွင် ယမန်နေ့ မွန်းလွဲ(၂) နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။


အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (နေပြည်တော် အသင်းခွဲ) ဥက္ကဋ္ဌ ဦးဇော်အောင်၊ အသင်းဝင် ဦးဝင်းသီဟနိုင်တို့က မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ လူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ် စသည့်အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ် ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးခဲ့သည့် မူးယစ်ဆေးဝါး အန္တရာယ်အသိ ပညာပေး Talk Show အပြည့်အစုံကို We Love Leiway Facebook page တွင် တင်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - ဝေကြည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)