MNP - အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဗလငါးတန်ဖွံ့ဖြိုးရေး ဆိုင်ရာများကိုလည်းကောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန (တာဝန်ခံ)ဒေါ်အေးက လူငယ်နှင့်အားကစားဖွံ့ဖြိုးရေး၊အားကစား စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုး ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးမှူး ဦးမြင့်အောင် ကစားသောက်ကုန်များနှင့်သွားရေစာမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကုန်ထုတ်ညွှန်းအမှတ်အသားနှင့်မြန်မာစာအညွှန်းပါဝင်မှု၊ သက်တမ်းကျော်လွန်မှု ရှိ မရှိကိုသတိပြုကြည့်ရှု၍ ဝယ်ယူစားသုံးရေးဆိုင်ရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်မြို့နယ်အားကစားတာဝန်ခံက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ဆက်လက်၍မြို့နယ် အားကစားတာဝန်ခံက ကာယချိန်တွင်ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် စိတ်ရွှင်လန်းမှုရရှိစေရန် ဂိမ်းကစားခြင်းနှင့် အားကစားပွဲများကျင်းပပေး၍ ဆုရကျောင်းသား ကျောင်းသူများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment