အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၉)သို့ တက်ရောက်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၉)သို့ တက်ရောက်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ   ၂၃


နိုင်ငံဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင် တန်း အမှတ်စဉ် (၆၉)သို့ တက်ရောက်မည့် ဆရာ၊ ဆရာမများအား တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။


တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုမှ လမ်းညွှန် သြဝါဒစကားပြောကြား၍ သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမ ၉၅ ဦးအတွက် တစ်ဦးလျှင်( ၂၀၀၀၀) နှစ်သောင်းကျပ်နှုန်း ထောက်ပံပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရ ယူခဲ့သည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးစန်းအောင်မှ ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားပြီးစီးကာ ဝန်ကြီးချုပ်မှ သင်တန်းတက်ရောက်မည့်သူများအား ရင်းရင်းနှီးနှီး လိုက် လံနှုတ်ဆက်  အားပေးစကားပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်းတို့နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးစန်းအောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ၊ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - ထိပ်ထားနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)