ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဒုတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဒုတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

 


MNP - အောက်တိုဘာ ၁၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာ လင်္ကာရအသင်းမှကျင်းပသော ဒုတိယအကြိမ် နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာ မေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က နောင်တောင်း ပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆရာတော်၊ သံဃာတော်များအား စာဖြေစဉ်ကာလအတွင်း မလိုလားအပ်သော ကျန်းမာရေးပြဿနာများ မဖြစ်စေရေးအတွက်  ဆွမ်း၊ ခဲဖွယ်များချက်ပြုတ်စီစဉ်ဆောင်ရွက်မည့် ဝေယျာဝစ္စ ဒါယကာ၊ ဒါယိကာမများအနေဖြင့်  ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် ဆွမ်း၊ ခဲဖွယ်များ စီစဉ်ချက်ပြုတ်ဆောင်ရွက်ရန် လျှောက်ထားသည်။ ထို့နောက်  ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က လုံခြုံရေးဆောင်ရွက်ထားရှိမည့် အခြေအနေများ၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ နာဂပုရသာသနာလင်္ကာရအသင်း ဥက္ကဋ္ဌ ဦးခွန်စံလွင်က ပွဲတော်ကာလအတွင်း ဆောင်ရွက်ရမည့် အသေးစိတ်အစီအမံများကို လျှောက်ထားသည်။  အဆိုပါသာမဏေကျော် စာမေးပွဲကို အောက်တို ဘာလ (၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်မှ စာဖြေသံဃာများ အနေဖြင့်   ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း( ၁၆၆၀)ပါးဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ပြီး နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဆုပေးပွဲကို နောင်တောင်းပရဟိတ တပ်ဦးကျောင်း၌ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)