မုဒုံမြို့၌ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ခြေတုလက်တုပြုပြင်တပ်ဆင် ထောက်ပံ့ ပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ခြေတုလက်တုပြုပြင်တပ်ဆင် ထောက်ပံ့ ပေးခြင်းဆောင်ရွက်

 


MNP - အောက်တိုဘာ   ၁၇


မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ  ကိုယ်အင်္ဂါမသန်စွမ်းသူများအား ခြေတုလက်တုနှင့် အားပြုကိရိယာများ ပြုပြင်တပ်ဆင် ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်  ၉  နာရီက မြို့နယ်ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းရုံး၌ ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း  ဘာအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ  Ourtreach and Referral Field Officer ဦးထွန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ လူမျိုးဘာသာမရွေး၊ ကိုယ်အင်္ဂါမသန်စွမ်းမရွေး ကိုယ်အင်္ဂါချို့ယွင်းသူ ပြည်သူ (၄၀) ဦးခန့်ကို


ပြန်လည်သန်စွမ်းနိုင်ရေးအတွက် စစ်ဆေးမေးမြန်းခဲ့ပြီး  ခြေတုလက်တု၊ အားပြုကိရိယာ၊ ကိုယ်ကာယ ကုသမှုလေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ကျင့်ခန်း၊ လက်ထောက်၊ ချိုင်းထောက်၊ လေးထောင့်ဖရိန်၊ တုတ်ကောက်၊ ဆွဲဆန့်နိုင်သော ပတ်တီးများနှင့် ခြေအိတ်များ စသည့်တို့ကို အခမဲ့ ထောက်ပံ့ပေးခဲ့သည်။


ကိုယ်အင်္ဂါမသန်စွမ်းသူများအနေဖြင့် ခြေတုလက်တုများ တပ်ဆင်ရန် လိုအပ်ပါက နီးစပ်ရာမြို့နယ်ကြက်ခြေနီအသင်းခွဲများ၊ ဌာန၏ နယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်များနေရာ၊ ရပ်ရွာအခြေပြု အသေးစားခြေတုပြုပြင်သူများနှင့် မိမိအစီအစဉ်ဖြင့်လည်း လာရောက်နိုင်ပါကြောင်း၊ ရိုးရှင်းသည့် ခြေတုလက်တု အားပြုကိရိယာများအတွက် အနည်းဆုံး အချိန်တစ်ပတ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ တစ်ခါမှ တပ်ဆင်ဖူးခြင်းမရှိသူများအား အချိန်နှစ်ပတ်မှ သုံးပတ်အထိ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် ခက်ခဲရှုပ်ထွေးသော ကိစ္စများအတွက် နှစ်လခန့်အထိကြာမြင့်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)