ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ရာ (၃)ဦးသေဆုံး၍ (၁ဝ)ဦးထက်မနည်း ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ရာ (၃)ဦးသေဆုံး၍ (၁ဝ)ဦးထက်မနည်း ဒဏ်ရာရ




MNP ၊ အောက်တိုဘာ ၂၆ 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၃)ဦး သေဆုံး၍ (၁ဝ)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂၆)ရက် ၊ နံနက်(၆)နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၂၈/၂) နှင့် (၂၂၈/၃)အကြားတွင် Express ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း၊ ပလွေးအမြန်လမ်းမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်း မီးသတ်စခန်းနှင့် ဘုရားတောင်နယ်‌မြေမီးသတ်စခန်းတိုမှ မီးသတ်တပ်ဖွဲဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်(၁၇)ဦးတွင် အမျိုးသား(၃)ဦးသေဆုံးခဲ့ပြီး၊ အမျိုးသား(၁ဝ)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၄)ဦးတို့တွင် ထိခိုက်ဒဏ် ရာများရရှိခဲ့သဖြင့် မေတ္တာရေစင် တောင်ညိုပရဟိတအသင်းနှင့် အမြန်လမ်းမကြီးပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁ဝဝဝ)ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)