ရန်ကင်းမြို့နယ်ရှိ အ.လ.က(၂)တွင် ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်ရှိ အ.လ.က(၂)တွင် ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းများ ဆောင်ရွက်

 


MNP - အောက်တိုဘာ  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအဆင့် လူရည်ချွန်စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ် ၁၄:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲ စစ်ဆေးခြင်းမှာ ကျောင်းသူး/သားများ ထူးချွန်ထက်မြက်လာစေရန်၊ တွေးခေါ်မှုမြင့်မားလာစေရန်၊ အတန်းတိုင်းတွင် ထူးချွန်စွာအောင်မြင်သည့် အနာဂတ်ကျောင်းသား/သူများ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင် ဝင်ရောက်ယှဉ်ပြိုင်လာနိုင်စေရန် ရည်ရွယ်၍ လူရည်ချွန်စာမေးပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။


သို့ဖြစ်ရာ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအဆင့်လူရည်ချွန်စာမေးပွဲအား ကျောင်းသား/သူ(၂၅)ဦးတို့မှ ထူးချွန်စွာ ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)