မိတ္ထီလာမြို့နယ် ကြာအင်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ကြာအင်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး



MNP - အောက်တိုဘာ  ၂၇


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျွဲတလင်းကျေးရွာအုပ်စု ကြာအင်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၁၃.၁၂) သန်းဖြင့် ကျွဲတလင်းကျေးရွာအုပ်စု ကြာအင်းကျေးရွာတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး အကျယ် အလျား ၅၄၅  ပေ ၊ အနံ ပေ ၁၁၀ ၊ အနက် ၂ပေ ၆ လက်မရှိ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။ အဆိုပါ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းပြီးစီး၍ အိမ်ခြေ ၅၅ အိမ်၊  လူဦးရေ  ၂၄၆ ဦးရှိသည့် ကြာအင်းကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအတွက် ရာသီမရွေး အဆင်ပြေတော့မည်ဖြစ်သည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေး နှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေသားရေကန် တူးဖော်ပြုပြင်ခြင်း၊ စက်ရေတွင်းတူးခြင်း၊ ရေစင်နှင့်ရေစက်ရုံ တည် ဆောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)