သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က ၂၀၂၂ မိုးသီးနှံစိုက်ပျိုး ပြီးစီးမှုအပေါ် စိုက်ပျိုးရေး/လယ်စီအင်း ကွင်းဆင်းဝန်ထမ်းများ စစ်ဆေးဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးနေကြာ ပေးအပ်ရန်၊ စိုက်ဘဏ်ချေးငွေရရှိရေး တင်ပြ ဆောင်ရွက်ပေးရန်၊ မြေပြင်ကွင်းဆင်းပြီး စည်းရုံးဟောပြောဆွေးနွေးဆောင်ရွက်ရန်၊ ကော်ဖီစိုက်ပျိုးရန် အတွက် ကျေးရွာအုပ်စု(၁၆)အုပ်စုတွင် (၅)နှစ်စီမံကိန်းအရ (၂၅၀၀)ဧကလျာထားပြီး ၂၀၂၃-၂၀၂၄ မှ စပြီး ၂၀၂၇-၂၀၂၈ ထိ လျာထားတင်ပြဆောင်ရွက်ရန်၊ ဓာတ်မြေသြဇာရရှိမှုအပေါ် စနစ်တကျ ထုတ်ယူဖြန့်ဖြူးပေးရန်တို့ကို ဆွေးနွေးမှာကြားပြီး ကော်မတီဝင်များ ဆွေးနွေးမှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)