တောင်ဥက္ကလာပမြို့နယ်တွင် ဆွမ်းသိမ်းအောင်ပွဲ စာသင်သီလရှင်အပါး (၁၅၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စတုဒီသာ ထမင်း၊ ဟင်းကျွေးအလှူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ဆွမ်းသိမ်းအောင်ပွဲ စာသင်သီလရှင်အပါး (၁၅၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စတုဒီသာ ထမင်း၊ ဟင်းကျွေးအလှူပွဲကျင်းပ



MNP - အောက်တိုဘာ    ၉


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ဝါတွင်းကာလသုံးလပတ်လုံး ဝါဆို‌တော်မူကြသော သံဃာတော်တို့အား ဆွမ်း၊ ကွမ်း၊ ဆေး၊ ဝေယျာဝစ္စ လုပ်အားဒါန လှူဒါန်းပူဇော်ခြင်း ဆွမ်းသိမ်းအောင်ပွဲအဖြစ် စာသင်သီလရှင် အပါး (၁၅၀) တို့ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စတုဒီသာ ထမင်း၊ ဟင်း ကျွေးမွေးဧည့်ခံခြင်းအလှူပွဲကို ယနေ့မွန်းလွဲ (၁) အချိန်က အမှတ်(၁၁)ရပ်ကွက်၊ သုဓမ္မာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ စာသင်သီလရှင်အပါး (၁၅၀) တို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ကြပြီးနောက် တရားနာဧည့်ပရိတ်သတ်အပေါင်းတို့မှ ဆွမ်းဆန်စိမ်း၊ နဝကမ္မဝတ္ထုငွေနှင့် အခြားလှူဒါန်းဖွယ်ရာ ပစ္စည်းတို့ကို တစ်ပါးမလပ် လောင်းလှူကြသည်။ ထို့နောက် ရွှေတံဆိပ် (၃) ဆုရှင် မြန်မာပြည်မိုးဝင်း မင်္ဂလာဆိုင်းတော်၏ ဧည့်ခံဖျော်ဖြေခြင်းနှင့်အတူ ကြွရောက် လာကြသော ဓမ္မမိတ်ဆွေဧည့်ပရိတ်သတ် အလှူရှင်များနှင့် မိဘပြည်သူများကို စတုဒီသာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။


သုဓ္ဓမာဓမ္မာရုံတွင် ဝါတွင်းကာလသုံးလပတ်လုံး ဝါဆို‌တော်မူကြကုန်သော သံဃာတော်အရှင် သူမြတ်တို့အား ဆွမ်း၊ ကွမ်း၊ ဆေး၊ ဝေယျာဝစ္စ လုပ်အားဒါန လှူဒါန်းပူဇော်ခြင်း၊ အရုဏ်ဆွမ်း လောင်းလှူခြင်း၊ ဥပုသ်နေ့များတွင် လှူဒါန်းခြင်း စသည့်ကုသိုလ်အစုစုတို့ကို အသောကသီတဂူ ကျောင်းတိုက်မှ ပင့်သံဃာ (၅) ပါးတို့မှ သီတင်းကျွတ်လပြည့်နေ့ နံနက် (၆) နာရီတွင် ဥပုသ် သီလပေး တရားဟောကြားပြီး ရပ်ကွက်အတွင်းရှိ ကွယ်လွန်သွားသော ရပ်မိရပ်ဖများအား ရေစက်ချ အမျှပေးဝေခြင်းအခမ်းအနားပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - စိုးဝဏ္ဏထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)