ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား နှုတ်ဆက်အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား နှုတ်ဆက်အားပေး

 


MNP - အောက်တိုဘာ   ၉


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်း က သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသင်းအုပ်ချုပ် နည်းပြများနှင့်တွေ့ဆုံခဲ့ပြီး ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာနာယူမှတ်သားပြီး လိုအပ်သည်များ ပြင်ဆင်ကြရန်၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အား ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲ များတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးရေးအဖွဲ့များအနေဖြင့်လည်း မိမိတို့ပြိုင်ပွဲဝင်အတွက် အကောင်းဆုံးဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊  သွားလာ နေထိုင် စားသောက်မှုများ ဂရုတစိုက်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကျန်းမာရေးအထူးဂရုပြုကြရန်၊ မော်တော်ယာဉ်များကိုလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း မောင်းနှင်ရန်၊ အုပ်ချုပ်မှုယာဉ်များ စနစ်တကျလိုက်ပါဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုရရှိစေရေး ကြိုးစားကြရန်ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်တစ်ဦးချင်းအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)