ပုသိမ်ခရိုင် အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲ အခမ်းအနား အားတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ခရိုင် အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲ အခမ်းအနား အားတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်



MNP - အောက်တိုဘာ   ၂၀


ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းအမှတ်စဉ် (၅/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ခရိုင်အဆင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းပေးခြင်းကို  ပထမအသုတ်အနေဖြင့် သင်တန်းသား/သူ (၂၀၅)ဦးသင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အနေဖြင့် ပုသိမ်ခရိုင်တွင် သင်တန်းသား/သူ (၁၁၅) ဦး၊ ဟင်္သာတခရိုင်တွင် သင်တန်းသား/သူ (၄၀) ဦးနှင့်မြောင်းမြခရိုင်တွင် သင်တန်းသား/သူ (၄၃)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၉၈) ဦးအား အောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့ပြီးဖြစ်၍ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ အရည်အချင်း ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များအနေဖြင့် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးလိုအပ်ချက်ရှိသည့် နေရာဒေသများရှိ ပြည်သူများအတွက် ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် မိမိတို့သင်ယူတတ် မြောက်ထားသည့် ပညာရပ်များအား လက်တွေ့နှင့်စာတွေ့ပေါင်းစပ်၍ ပြည်သူများ အားကိုးရသည့် ကျန်းမာရေးဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်း လိုပါကြောင်း” ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်း အောင်လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများ၏ ကိုယ်စား သင်တန်းသားတစ်ဦးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း  သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများ၏ ကိုယ်စား သင်တန်းသူတစ်ဦးတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)