ကန့်ဘလူမြို့နယ်၊ ကမ်းဖြူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဆရာတော်ဦးဝါသဝ သွားရောက်တွေ့ဆုံ အားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ကမ်းဖြူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဆရာတော်ဦးဝါသဝ သွားရောက်တွေ့ဆုံ အားပေး




MNP ၊ အောက်တိုဘာ ၂၁

ကန့်ဘလူမြို့နယ်၊ ကမ်းဖြူအုပ်စုအတွင်းရှိ ကမ်းဖြူကျေးရွာ၊ စိန်နားကျေးရွာ၊ ကင်းကျေးရွာ၊ လင်းဒအံကျေးရွာ၊ ငါးရန့်တိုင်းကျေးရွာများတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထံ ၂၀-၁၀-၂၀၂၂ ရက်နေ့က ဆရာတော်ဦးဝါသဝ ဦးဆောင်သော အဖွဲ့က သွားရောက်တွေ့ဆုံဆွေးနွေး၍ အားပေးခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးဝါသဝက "အေးချမ်းစွာနေလိုတဲ့ပြည်သူများတွေက PDF အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်နိူင်ကြစေရန် ကျေးရွာအသီးသီးမှာ  ဥပဒေဘောင်အတွင်းကနေပြီး မိမိရပ်ရွာ မိမိဒေသတို့ကို ပူးပေါင်းပါဝင်ကာကွယ်မှုတွေမှာ အားတက်သရော ပါဝင်လာကြပါတယ်။ PDF အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေးမှာ ကျေးရွာသူ/သားများ ညီညီညွတ်ညွတ်ဖြင့် တပ်မတော်နဲ့ လက်တွဲဆောင်ရွက်ကြဖို့ ပြည်သူ့စစ် အဖွဲ့တွေကို အရှိန်အဟုန်မြှင့်ဖွဲ့စည်းလျက်ရှိရာမှာ ရွာတော်တော်များများလည်း ပါဝင်လာကြပါတယ်။ KIA, PDF အကြမ်းဖက်သမားများရဲ့ ဆိုးသွမ်းယုတ်မာ ရက်စက်တဲ့ လုပ်ရပ်တွေကို သိမြင်လာကြတဲ့အတွက် အေးချမ်းမှုကိုလိုလားတဲ့ပြည်သူများက ဒုက္ခအမျိုးမျိုးပေးနေတာကို မခံနိူင်ကြတော့တဲ့အတွက် ပူးပေါင်းဆောင်ရွက်လာကြပါတယ်။" ဟု မိန့်ကြားသည်။

ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ မြို့နယ်များအတွင်းရှိ ကျေးရွာများအပြင် ခင်ဦး၊ ရေဦးမြို့နယ်များရှိ ကျေးရွာအချို့မှ ဒကာများကလည်း ပြည်သူ့စစ်ဖွဲ့စည်းဆောင်ရွက်လိုတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှေိကြောင်း ဆရာတော်ထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)