ရန်ကုန်မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ပုံစံနဲ့ ပတ်သက်လို့ ဆက်စပ်သတိပြုနိုင်ရန် တင်ပြပေးချင်ပါတယ်။
ရန်ကုန်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ မကြာခဏ အပစ်ခံခဲ့ရပါတယ်။ ပစ်မှတ်ကို ဘယ်သူတွေက ရှာပေးသလဲဆိုရင်တော့ ရပ်ကွက်ထဲမှာ ရှိနေတဲ့ NLD ပါတီဝင်တွေကပဲ ရှာပေးနေခြင်း ဖြစ်ပါတယ်။ စနစ်တကျ သတင်းပေးပို့ဆက်သွယ်နိုင်တာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးမှူးဆိုရင်လည်း အုပ်ချုပ်ရေးမှူး ဘယ်အချိန် ရုံးမှာ ဘယ်လိုထိုင်တတ်တယ်။ ဘယ်အချိန်မှာ လူလစ်တယ်။ ဘယ်လို ဝင်လုပ်လို့ ရတယ်ဆိုတာကို အတိအကျ သတင်းပေးဆောင်ရွက်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဝင်တွေ နမော်နမဲ့ နေတဲ့ အချိန်မှာ အိမ်နီးနားချင်း NLD ပါတီဝင်တွေက ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်နေပါတယ်။ ပုံမှန် လှုပ်ရှားသွားလာမှု မှန်ကန်နေပြီဆိုရင် အကြမ်းဖက်သမားကို သတင်းပေးထားပါတယ်။ ပစ်မှတ်တစ်ခုကို တိုက်ခိုက်တော့မယ်ဆိုတဲ့ နေ့မှာ ဝတ်စားဆင်ယင်ထားပုံ၊ အရပ်အမောင်း၊ အသား ဖြူ/မဲ ကစပြီး အကြမ်းဖက်သမားဆီကို သတင်းပို့ပါတယ်။
KNU, KIA မှာ အကြမ်းဖက်သင်တန်းတက်ခဲ့ပြီးဖြစ်တဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ရန်ကုန်မြို့တွင်းမှာ လက်နက်ကိုင်ပြီး ဘယ်လိုနေကြသလဲ။ လက်နက်ကိုင်ပြီး သွားလာလှုပ်ရှားနေကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ လက်နက်တွေကို နေရာတစ်ခုမှာ သိမ်းဆည်းထားပါတယ်။ လှုပ်ရှားမယ့် နေ့မှာ လက်နက်ကို သွားယူတယ်။ ပစ်မှတ်နဲ့ အနီးဆုံးကို လာတယ်။ လုပ်ကြံသတ်ဖြတ်မှုပြီးရင် လက်နက်ကို သူတို့ အမှတ်အသားနဲ့ တစ်နေရာမှာ ဖျောက်ထားလိုက်ပါတယ်။ ဆိုတော့ လက်နက်မရှိတဲ့သူကို အကြမ်းဖက်သမားလို့ စွပ်စွဲဖို့ရာလည်း မလွယ်ကူပါဘူး။
ဒီလိုနည်းနဲ့ပဲ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို လုပ်ကြံသတ်ဖြတ်နေကြတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိမှု အင်မတန် နည်းပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များက လက်နက်ကိုင်ပြီး တောထဲဝင်သွားရင် သူပုန်။ လက်နက်ထားခဲ့ပြီး အသီးအရွက်၊ သားငါးရှာပြီး ပြန်လာရင် ပြည်သူဖြစ်သွားတဲ့ သဘောမျိုးပါပဲ။ အခု မြို့ကြီးတွေမှာ PDF ရဲ့ လှုပ်ရှားမှုပုံစံက တောတွင်းသားများရဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်နေကြခြင်းပဲ ဖြစ်ပါတယ်။ မြို့ပေါ်မှာဆိုတော့ ပိုပြီး ဟန်ဆောင်နေထိုင်ရ ပိုမိုလွယ်ကူပါတယ်။ ဘယ်သူကမှလည်း လူတစ်ယောက်ကို အထူးသတိပြုပြီး စောင့်ကြည့်တာမျိုးမရှိဘူး။ အကြမ်းဖက်လှုပ်ရှားမှုကို ပိုမိုလွတ်လပ်စွာ လုပ်ဆောင်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်စေ၊ အခြားသောပါတီဝင်များဖြစ်စေ၊ ဘယ်ပါတီကိုမှ ဝင်မထားတဲ့သူဖြစ်စေ မိမိလမ်းထဲမှာရှိတဲ့ NLD က မျက်မုန်းကျိုးပြီး အကြမ်းဖက်လှုပ်ရှားသူတွေကို ချိတ်ဆက်ပြီး သတင်းပေးလိုက်ရင် ဒလန်၊ ဘောမ ခေါင်းစဉ်တပ်ပြီး အသတ်ခံရဖို့ သေချာပါတယ်။ နိုင်ငံရေးမှိုင်းမိနေတဲ့ NLD ပါတီဝင်တွေရဲ့ အတွေးနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များ အပါအဝင် အခြားသော ပါတီဝင်များရဲ့ အတွေးက မတူပါဘူး။ နိုင်ငံရေးမှိုင်းမိနေတဲ့ NLD ပါတီဝင်တွေက မိမိကိုယ်တိုင် သိသာထင်ရှားအောင် ဘာမှမလုပ်သည့်တိုင်အောင် မိမိလမ်းအတွင်းမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ သွားလာလှုပ်ရှား ဆောင်ရွက်နေမှု၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများရဲ့ သွားလာလှုပ်ရှားဆောင်ရွက်မှု အခြေအနေတွေကို NLD အစွန်းရောက် အကြမ်းဖက်လှုပ်ရှားသူများထံ သတင်းပေးပို့နေတဲ့ ကေဒါတွေပဲ ဖြစ်ပါတယ်။ NLD ပါတီဝင် အမျိုးသား၊ အမျိုးသမီး အားလုံးကို ဘာလှုပ်ရှားမှုမှ မရှိပါဘူးဆိုပြီး အထင်မသေးမိပါစေနဲ့ မပေါ့ဆကြပါနဲ့လို့ အထူးသတိပေးလိုပါတယ်။ အမျိုးသားများက လက်မရွံ့အကြမ်းဖက်သမားများအဖြစ် လှုပ်ရှားနေကြသလို အမျိုးသမီးများက ပစ်မှတ်ကို သေချာတိကျစွာ သတင်းပေးနိုင်ပါတယ်။ အမျိုးသမီးများရဲ့ သတင်းပေးပို့မှုကြောင့် ပစ်ခံခဲ့ရတဲ့ ဖြစ်စဉ်ပေါင်းလည်း မနည်းပါဘူး။
NLD အစွန်းရောက် အကြမ်းဖက်သမားတွေက သတင်းပေးလည်း တိကျတယ်။ အကြမ်းဖက်လှုပ်ရှားသူတွေကလည်း ရက်စက်ယုတ်မာရိုင်းစိုင်းတယ်။ ပြည်ပြေးတွေက အကြမ်းဖက်လှုပ်ရှားနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ လက်နက်တွေ သွင်းပေးထားတယ်။ မြို့ကြီးတွေမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့ကြပြီးပါပြီ။ ဝမ်းနည်းစရာကောင်းတာကတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် NLD အစွန်းရောက် အကြမ်းဖက်သမားက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးကို ပစ်သတ်သွားလို့လည်း ဖမ်းဆီးရမိရေး အပူတပြင်း ဆောင်ရွက်တာမျိုး မရှိပါဘူး။ ဖမ်းဆီးရမိမှု မရှိတဲ့ ဖြစ်စဉ်များပါတယ်။ အင်မတန် ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်လာတော့မှ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ နိုင်ငံတော်အဆင့် ဖမ်းဆီးရေးအဖွဲ့က ဆင်းပြီး လှုပ်ရှားပါတယ်။ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိပါတယ်။
အဲဒီ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူတွေ နေရာမှာ မိမိကိုယ်ကို အစားထိုးပြီး တွေးကြည့်မိတယ်။ ငါသာ မြို့နယ်ထွေအုပ်၊ ငါသာ မြို့နယ်မှူး၊ ငါသာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တပ်မတော်အရာရှိ ဆိုရင် ငါတာဝန်ကျတဲ့ နေရာမှာ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်သမားက လုပ်ကြံသတ်ဖြတ်တယ်။ ငါကိုယ်တိုင် ဖမ်းဆီးရမိအောင် မစွမ်းဆောင်နိုင်ဘူး။ ငါမသိလိုက်တဲ့ အချိန်မှာ လာဆင်းဖမ်းသွားတယ်။ ကိုယ်သာ ဆိုရင် မျက်နှာ ဘယ်နေရာထားလို့ ထားရမှန်းတောင် မသိဘူး။ ကျွန်တော် ချက်ချင်း တာဝန်က နှုတ်ထွက်ပေးပါမယ်၊ ကျွန်တော့်ရဲ့ တာဝန်မဲ့မှု၊ တာဝန်ပျက်ကွက်မှုတွေအတွက် နိုင်ငံတော်အကြီးအကဲများကိုရော၊ အပြစ်မဲ့ရဟန်းရှင်လူပြည်သူများကိုရော အနူးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော် တာဝန်မကျေတဲ့အတွက်ကြောင့် တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုပါလို့ တင်ပြပြီး တစ်ခါတည်း နှုတ်ထွက်မိမှာ အမှန်ပါပဲ။
တချို့ အကြမ်းဖက်လှုပ်ရှားသူများ၊ အကြမ်းဖက်သမားများထံ ဆက်သွယ်သတင်းပေးပို့သူများကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ ဖြစ်စဉ်တွေမှာ ဘာမှမသိလိုက်ဘဲနဲ့ ဖမ်းဆီးရမိသွားတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ နိုင်ငံတော်က အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို ပါသွားမှာစိုးလို့ ဝန်ထမ်းတွေကို မျက်နှာသာပေး၊ အခွင့်အရေးပေးတာကို အခွင့်ကောင်းယူပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့သူတွေ ဖြစ်လာကြတယ်။
အထူးအားဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမားများရဲ့ ပစ်မှတ်ဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဖြစ်နေတာကို ပြည်ခိုင်ဖြိုး ဦးဆောင်သူများနဲ့ ပါတီဝင်များအားလုံးက အထူးရှိကြဖို့ ပြောလိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ခရိုင်/ မြို့နယ် အဆင့် တာဝန်ရှိသူတွေက မိမိခရိုင်၊ မြို့နယ်အတွင်းမှာ ရှိတဲ့ ပါတီဝင်တွေကို ကျစ်လစ်စွာ စုစည်းပြီး ဦးဆောင်မှုပေးမယ်ဆိုရင် အကြမ်းဖက်အန္တရာယ် ပေါ်ပေါက်လာတာနဲ့ တပြိုင်နက် နောက်ဆုံး မိမိတို့ပါတီဝင် အသတ်ခံလိုက်ရသည် ဆိုစေအုံးတော့။ အကြမ်းဖက်သမားကို အလျှင်အမြန် ဖမ်းဆီးထိန်းသိမ်း နိုင်တဲ့ အခြေအနေမျိုးဖြစ်နိုင်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင်တွေက ငါတို့အိမ်နားက အနီတွေကတော့ ငြိမ်ပါတယ်။ ဘာမှ လှုပ်ရှားမှုမရှိဘူးလို့ ပေါ့ပေါ့တွေးပါတယ်။ မိမိရဲ့ အိမ်နီနားချင်း နီပိန်းက မိမိနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အကြမ်းဖက်လှုပ်ရှားသူဆီ ပေးပို့လိုက်တာကိုတော့ မသိရှာပါဘူး။ ဒီလိုနဲ့ အကြမ်းဖက်သမားများရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံရပြီး လုပ်ကြံသတ်ဖြတ်ခြင်း ခံရတော့တာပါပဲ။
ကျွန်တော် စစ်ကိုင်းတိုင်းဒသေကြီးထဲက အကြမ်းဖက်ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ မိသားစုတွေကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ ဖြစ်ခဲ့တာတွေအပေါ်မှာ ပြစ်တင်ပြောဆိုလိုခြင်း မဟုတ်ပါဘူး။ ရွာမှာ အကြမ်းဖက်ဘေးအန္တရာယ် ကျရောက်တော့မယ့် အခြေအနေဖြစ်နေတာကြောင့် မြို့ပေါ်က ပါတီဥက္ကဋ္ဌ ကို ဆက်သွယ်တယ်။ ဖုန်းမကိုင်ဘူး။ ရွာမှာ အကြမ်းဖက်ဘေးအန္တရာယ် ခံနေရလို့ မြို့ပေါ်တိမ်းရှောင်လာတယ်။ စောင့်ရှောက်ပေးခြင်း မရှိဘူးဆိုတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေက လွန်မြောက်ခဲ့ပါပြီ။ NLD အစွန်းရောက်တွေက လုပ်ကြံသတ်ဖြတ်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြတဲ့အချိန်မှာ အားနည်းမှုဖြစ်ခဲ့တာတွေကို မှန်ကန်စွာ သုံးသပ်ပြင်ဆင်ပြီး ဦးဆောင်မှု ပေးဖို့နဲ့ ပါတီဝင်တွေကလည်း ခရိုင်/ မြို့နယ်အလိုက် စုစည်းညီညွတ်စွာနဲ့ အကြမ်းဖက်အန္တရာယ်ကို အချိန်နဲ့တပြေးညီ ခုခံကာကွယ်တားဆီးနိုင်ရေး ပြင်ဆင်ထားကြဖို့ အလေးထားတိုက်တွန်းလိုပါတယ်။
ကျိုက်ထီးရိုးမှာ အပြစ်မဲ့ ဘုရားဖူးပြည်သူများကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း NLD အစွန်းရောက်များနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့များရဲ့ တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာပါတယ်။ အရပ်ဖက်ပစ်မှတ်တွေကို ပိုပြီးဆိုးဆိုးရွာရွား တိုက်ခိုက်လာကြပါတယ်။ ကျိုးထီးရိုးဘုရားဖူးပြည်သူများကို ပစ်ခတ်တိုက်ခိုက်ပြီး နောက်တစ်ရက် စစ်ကိုင်းတိုင်းမှာ သံဃာတော်တစ်ပါးကို ခေါင်းဖြတ်သတ်တယ်။ ရန်ကုန်မြို့မှာ တပ်မတော်သားမိသားစု ၃ဦးကို လုပ်ကြံသတ်ဖြတ်တယ်။ အင်းစိန်အကျည်းထောင် ပါဆယ်ဌာနမှာ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်တယ်။ ဝမ်းတွင်းမှာ အုပ်ချုပ်ရေးမှူးကို ပစ်သတ်လိုက်ကြတယ်။ ယနေ့မနက်ဖြစ်ပေါ်ခဲ့တဲ့ ကော့ကရိတ်မြို့တွင်းကို KNU က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် မဖြစ်ပေါ်မီ လှုပ်ရှားဆောင်ရွက်နေမှုကို တာဝန်သိ သတင်းသမားတစ်ဦးက ဆက်သွယ်သတင်းပေးပို့ထားပါတယ်။ သို့ပေသော် ကြိုတင်ပြင်ဆင် ကာကွယ် တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။
ရက်ပိုင်းအတွင်းမှာကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများစွာကို ကြက်ကလေး၊ ငှက်လေးများကို သတ်သလို လွယ်လင့်တကူ အလစ်အငိုက်ချောင်းပြီး တိုက်ခိုက် သတ်ဖြတ်နေကြခြင်း ဖြစ်ပါတယ်။ NLD ဦးဆောင်သူ ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေရဲ့ လှုံ့ဆော်မှုနဲ့အတူ ပြည်တွင်းမှာ ဆင်ကန်းတောတိုး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ နီပိန်း အကြမ်းဖက်သမားများဘက်ကတော့ အသိတရားရပြီး လူမဆန်တဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ဖို့မရှိဘူးဆိုတာ ရက်ပိုင်းအတွင်း လုပ်ကြံသတ်ဖြတ်၊ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ်တွေက သက်သေခံနေပါတယ်။ ကာကွယ် တားဆီး နှိမ်နင်းရမယ့် တာဝန်ရှိသူတွေဘက်က ဖိဖိစီးစီး အလေးထား ဆောင်ရွက်ကြမှသာလျှင် အကြမ်းဖက်အန္တရာယ်များ ကင်းစင်ပပျောက် ချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းမှုကို ရနိုင်ပါလိမ့်မယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment