MNP ၊ အောက်တိုဘာ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းများပိုမိုသိရှိနားလည်လာစေပြီးဝန်ဆောင်မှုလုပ်ငန်းများမြန်ဆန်လာစေရန် ရည်ရွယ်လျှက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ နေ့လယ် ၁နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦး က ဝန်ထမ်းများအနေဖြင့် လစဉ်ပြန်တမ်းများပေးပို့ရာတွင်နှောင့်နှေးနေပါသဖြင့်အချိန်မှီပြီးစီးအောင်ဆောင်ရွက်ကြရန်၊သတင်းများပေးပို့ရာတွင်ပြည်နယ်မှူးစစ်ဆေးရေးဝင်ရောက်မည်ဖြစ်သဖြင်လိုအပ်သည်များကိုစီစစ်ပြင်ဆင်ထားကြရန်၊နယ်လှည့်ကွင်းဆင်းဆောင်ရွက်မှုများလည်းပြုလုပ်သွားမည်ဖြစ်၍ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင်လည်းစနစ်တကျမှန်ကန်မှုရှိစေရန်၊ဝန်ထမ်းများမှလည်းမိသားစုစိတ်ဓာတ်ဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊လိုအပ်ချပ်များတင်ပြစရာရှိပါကတင်ပြ ဆွေးနွေးကြရန်ပြောကြားခဲ့သည်။
ထို့နောက် ရုပ်သံကျမ်းကျင်(၃) ဦးအောင်သိန်းဝေက ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်သူ၊ စာငှားသူအခြေအနေများ၊ စာငှားလုပ်ငန်းနှင့် စာပြုလုပ်ငန်းများတွင်ဆက် လက်ဆောင်ရွက်ရမည့်အကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့ကြပြီး ရုံးဝန်ထမ်းများက လုပ်ငန်များ၏ဆက်လက် ဆောင်ရွက်ရမည့်အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment