MNP ၊ အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံး ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ဝက်ကျိတ်ကျေးရွာအုပ်စုရှိ အခြေခံ ပညာမူလတန်းကျောင်း(မူလွန်) ၌ယနေ့မွန်းလွဲ(၁)နာရီအချိန်ကဆောင်ရွက်ခဲသည်။
နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာစာအုပ်များ ၊ ရုပ်ပြနှင့်ပုံပြင်စာအုပ်များကိုခင်းကျင်းပြသခြင်း ၊ ဖတ်ရှုခြင်းနှင့်ငှါးရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည့် အပြင် အသိပညာပေးနံရံကပ်စာစောင်ပြသရာတွင် မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာများ ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မှတ်တမ်းဓာတ်ပုံများကိုပြသထားရာ ကျောင်းသား၊ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment