သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ပဲခူးတွင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ပဲခူးတွင်ကျင်းပ

 


MNP - အောက်တိုဘာ   ၁၈


ပဲခူးတိုင်းဒေသကြီး၊ သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမှန် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက “မီဒီယာကဏ္ဍသည် နိုင်ငံတော်အခန်းကဏ္ဍတွင် စတုတ္ထမဏ္ဍိုင်ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများ သတင်းအမှန်သိရှိစေရန် အရှိကို အရှိအတိုင်း အစွဲအလမ်းကင်းစွာဖြင့် ထုတ်ပြန်ပေးကြရန်လိုကြောင်း၊ ယနေ့အချိန်ကာလသည် ပြည်သူများ သတင်းအမှန်သိရှိရန် လိုအပ်သဖြင့် တက်ရောက်လာသော သတင်းမီဒီယာသမားများမှ ပြည်သူများ သတင်းအမှန်သိရှိရေးအတွက် မိမိတို့သက်ဆိုင်ရာ ဂျာနယ်၊ စာစောင်၊ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများအပေါ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်ရေးဆောင်ရွက်ချက် များအားလည်း မှန်မှန်ကန်ကန် ပြည်သူများထံသို့ အသိပေးကြရန် တိုက်တွန်းမှာကြားပါကြောင်း” စသည်ဖြင့် ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများ၊ လစဉ်ထုတ်ဝေလျက်ရှိသော ဂျာနယ်အယ်ဒီတာချုပ်များက မိမိတို့၏ လုပ်ငန်းများလုပ်ဆောင်နေမှုများကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။


ပဲခူးမြို့ပေါ်တွင် လက်ရှိခေတ်ပုံရိပ်ဂျာနယ်နှင့် လူထုရင်ဖွင့်သံဂျာနယ်တို့သည် တစ်လလျှင် (၂)ကြိမ် ထုတ်ဝေလျက်ရှိကြောင်း သိရသည်။


သတင်း - ကိုတွတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)