ထန်းတပင်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ




MNP - အောက်တိုဘာ  ၂၉


မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေ တပ်ဖွဲ့ဝင်များနှင့် လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီး ဌာနတွင် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပြီး ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနတွင်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုးက သင်တန်း လက်မှတ်များကို သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးကို ပေးအပ်ခဲ့ပြီး ဒုတပ်ရင်းမှူး ဦးမြဟန်က သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေး အပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် သင်တန်းသားများမှ တစ်ပိုက်နှစ်တန်းခွဲ မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ ရိုးရိုးရေမှ ဖုန်းဆေးရည်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်သရုပ်ပြသခြင်းနှင့် ဆီမီးလောင်မှုအား (DCP)မီးသတ် ဆေးဘူးဖြင့် မီးငြှိမ်းသတ်သရုပ်ပြခဲ့ကြ ကြောင်း သိရသည်။


ထန်းတပင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို အောက်တိုဘာလ(၃)ရက်နေ့မှစတင်၍ အောက်တိုဘာလ(၂၈)ရက် အထိ လေးပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့လည်း ရပ်ကွက်ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း လည်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှ သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)