လဟယ်မြို့တွင် မူလတန်းကြိုကျောင်းဝတ်စုံ(၂၀၀)စုံထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လဟယ်မြို့တွင် မူလတန်းကြိုကျောင်းဝတ်စုံ(၂၀၀)စုံထောက်ပံ့ပေးအပ်



MNP - အောက်တိုဘာ   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူမှုဝန်ထမ်းဦးစီး ဌာနက ထောက်ပံ့သည့် မူလတန်းကြို ကျောင်းဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၂၁ က လဟယ်မူလတန်းကြိုကျောင်း၌ ကျင်းပပါသည်။


ရှေးဦးစွာ လဟယ်မြို့ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ညီထုံးက မူကြိုဝတ်စုံ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသားမိဘများအားရှင်းလင်းပါသည်။ ထို့နောက် လဟယ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုင်ဝမ်မှ မူကြိုကျောင်းသား မိဘများထံ မူကြိုဝတ်စုံ (၂၀၀)စုံအားပေးအပ်ပြီး မူကြိုကျောင်းအုပ်ဆရာမ ဒေါ်ညီထုံးမှ မူကြိုကလေးများအားဝတ်စုံ (၂)စုံစီပေးအပ်ပါသည်။


အဆိုပါ ဝတ်စုံကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဝတ်စုံပေးအပ်ပွဲသို့ မူကြို ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)