ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ



MNP - စက်တင်ဘာ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ  လူငယ်များ၏ ပညာရေး၊ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေးဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူလူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံ ထူ းချွန်စေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊  နတ်ပေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်၁၀နာရီခွဲအချိန်က အသိ ပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။


အဆိုပါလူငယ်ရေးရာဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်လှိုင်က လူငယ်စာပေဗဟုသုတတိုးပွားစေရန် စာဖတ်ဖို့လိုကြောင်း၊ အနာဂါတ် လူငယ်များ၏အခန်းကဏ္ဍအလွန်အရေးကြီးကြောင်း၊ လူငယ်နှင့် ကြီးပွား ရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အကျင့်စာရိတ္တ စသည့်လူငယ်ရေးရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးစန္ဒာထွန်းက စားသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့်လိပ်စာနှင့်ဖုန်းနံပါတ်များ စသည့်စားသုံးသူရေးရာ အသိပညာပေးအကြောင်းများကိုလည်ကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်စုစုခင်ကကျန်းမာကြံ့ခိုင်စွာပညာသင်ကြားနိုင်ရေးအတွက် အားကစား ပြုလုပ်ကြရမည်ဖြစ်ကြောင်း အားကစားဟူသည်အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အားကစား အမျိုးအစားများ၊ လူငယ်နှင့်အားကစားဆိုင်ရာများ၊ မိမိဝါသနာပါသည့် အားကစားများကို လေ့ကျင့်သင်ကြားပေးနေသည့် လူငယ်အားကစားသိပ္ပံကို စိတ်ပါဝင်စား သူလူငယ်များ တက်ရောက်၍ ရကြောင်းစသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ ကြသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များ ပြသခြင်းနှင့် မြို့နယ် အား/ကာ မှူး ဒေါ်စုစုခင်က အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ရာ ကျောင်းအုပ် ဆရာမကြီး က လက်ခံရယူခဲ့ပြီး အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူလူငယ်များ (၁၈၅)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)